History

၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ပြည်ထောင်စုဝန်ကြီးမှ နေ့ / အဝေးသင် သင်တန်း ကျောင်းသား/သူများ၏ အဆက်ပြတ်နေသော သင်ကြားရေးအစီအစဉ်များအား Open University Platform  အဖြစ်ပြန်လည်စတင်ရန် အကြံပြုခဲ့ရာမှစတင်ပြီး ပညာရေးဝန်ကြီးဌာနက CDM ပြုလုပ်ထားကြသော ဆရာ/ဆရာမများ၊ စီမံဝန်ထမ်များ ၊ အဆင့်မြင့်ပညာကဏ္ဍမှ ကျောင်းသား/သူများ၊ ကျောင်းသား/သူ (ဟောင်း) များကို စတင်စုစည်းခဲ့ကြသည်။ ယင်းနောက် Open University Policy Team, OU Admin Team, OU Subject Team, OU  Technical Team, and Special Policy Team for Students Who were Suspended their Education စသည့် အဖွဲ့  ၅ ဖွဲ့အား ဖွဲ့စည်းခဲ့ပြီး Open Assess Education Platform ကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။        ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှစတင်၍ အဖွဲ့ဝင်များ၏ ဆွေးနွေးဆုံးဖြတ်ချက်ဖြင့် မြန်မာ့နွေဦးတက္ကသိုလ် - Myanmar Nway-Oo University (MNOU) ဟု အမည်သတ်မှတ်ခဲ့ကြပါသည်။ သင်ကြားရေးလုပ်ငန်းများ စတင်နိုင်ရန်အတွက် ဘာသာရပ်အဖွဲ့အသီးသီးအားလည်း ဆက်သွယ်ချိတ်ဆက်ခဲ့ကြပါသည်။        ၂၀၂၂ ခုနှစ် အောဂုတ်လ ၁၄ ရက်မှ စတင်၍ မြန်မာ့နွေဦးတက္ကသိုလ် ယာယီဦးဆောင်ကော်မတီကို အဖွဲ့ဝင် ၁၁ဦးဖြင့် ဖွဲ့စည်းကာ သင်ကြားရေးလုပ်ငန်းများ စတင်နိုင်ရန် ဦးစီးဆောင်ရွက်ခဲ့ကြပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာက မြန်မာ့နွေဦးတက္ကသိုလ်အား ကြေညာချက်အမှတ် ၁၅ /၂၀၂၂ ဖြင့်  Public Autonomous University အဖြစ် အသိအမှတ်ပြု ထုတ်ပြန် ကြေညာခဲ့ပါသည်။

img

Slogan

“စစ်မှန်သောပညာ: အားလုံးအကျုံ၀င်မှု၊မတူကွဲပြားမှု၊တန်းတူညီမျှမှု၊သာတူညီမျှမှု၊ ဖွံ့ဖြိုတိုးတက်မှု”

“INDEED: Inclusive, Diversity, Equality, Equity, Development”

img
img
img

Chancellor’s Message

We express a warm welcome from Myanmar Nway-Oo University (MNOU) to all CDM students, teachers, and staff members who deserve the Federal Education of Myanmar in the future. The only government-run, public online university in Myanmar is MNOU, and it was established very recently, I think it is like yesterday! I believe that what is opening and operating today will be progressing, growing, and developing for tomorrows. With its extensive field of study, MNOU will play a major role in the learning, teaching, and knowledge-sharing hub. Our Spring Revolution Heroes can complete their academic needs at MNOU. Prof. Dr. Win Sein Chancellor Myanmar Nway-Oo University

Leadership and Governance

ယနေ့ခေတ် ပညာရေးအခင်းအကျင်းတွင် MNOŲ သည် အမျိုးသာညီညွှတ်ရေး ပညာရေးဝန်ကြီးဌာနအောက်ရှိ ကြားကာလ အဆင့်မြင့်ပညာရေးကဏ္ဍလုပ်ငန်းများ ကျောင်းသား၊ကျောင်းသူများ စဉ်ဆက်မပြတ်ပညာသင်ယူနိုင်ရေးနှင့် ပညာရေး သုတေသနလုပ်ငန်းများ စဉ်ဆက်မိပြတ်ဆောင်ရွက်နှိင်ရေးလုပ်ငန်းများ၊ ပြည်တွင်း ပညာရေးဆက်စပ် အဖွဲအစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ခေတ်နည်းပညာနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အနာဂတ် ဖက်ဒရယ် ပညာရေး၊ ကိုဦးတည်ဖော်ဆောင်နေသည့် ပြည်သူပိုင်အွန်လိုင်းတက္ကသိုလ်ဖြစ်သည်။

Leadandgovern
leadershipandgovernance

Diversity and Inclusion

MNOU ၏ ကြားကာလ အဆင့်မြင့်ပညာရေးဝန်ဆောင်မှုများသည် ရိုဟင်ဂျာ အပါအဝင် တိုင်းရင်းသားများသာမက နယ်စပ်ဒေသများရှိရွှေ့ပြောင်းကျောင်းသားများနှင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျောင်းသား ကျောင်းသူများ အားလုံးအတွက် ဖြစ်သည်။ လူမျိုး၊ အသားအရောင်၊ ကိုးကွယ်သည့်ဘာသာ၊ ကျားမ ခွဲခြားဆက်ဆံခြင်း မရှိသော သာတူညီမျှ ပညာသင်ကြား သင်ယူရာတစ်ခုဖြစ်သည်။ MNOU သည် ကျွန်ုပ်တို၏ခေါင်းဆောင်မှုအပေါ်အာရုံစိုက်ခြင်းအားဖြင့် စုံလင်ကွဲပြားသော၊ အားလုံးပါဝင်နိုင်သော၊ သာတူညီမျှရှိပြီး သာတူညီမျှသော နိုင်ငံတကာနှင့် အမျိုးသားပညာရေး အသိုက်အဝန်းကို ဖန်တီးပြီး ရေရှည်တည်တံ့စေရန် ကတိပြုပါသည်။